Friday, October 17, 2008

ကျန်တော် ဘ၀ အတွက် ကဗျာ ကောင်းတစ်ပုဒ်


ထိပ်ဆုံးသို့
ငွေတာရီ

တတောင်ပေါ်၊ တတောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တတောင်ဆုံးပြန်တော့၊
တောင်တလုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ခါတလေတကယ်ပန်းဒါကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မည်ကျန်
အမှန်တော့ဖြစ်နိုင်မလား၊ စခဲ့မိဟပေါ့

တစ်နေ့မှာဆုံးရာရောက်ပါလေ့
အားလျော့ကာဆုတ်ချင်စမ်းပါနှင့်
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။ ။


ဒီကဗျာလေးဟာ ကျန်တော့်ဘ၀ရဲ့ တိုးတက်ရေးအတွက်။ ဘ၀တိုက်ပွဲတွေ ဆင်င်္နဲနိုင်ဖို့အတွက် အားအင်သစ်တွေ အမှန်ပေး စွမ်းနိုင်ပါတယ်။


No comments: